ပုဏ္ဏားကျွန်းမြို့နယ်၌ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိ




MNP -  ဇန်နဝါရီ ၁၀

     ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေးစာရင်းများ ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းကို ယမန်နေ့၊ နံနက်ပိုင်းကစ၍ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူလျက်ရှိသည်။


      ထိုသို့ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှု အခြအနေတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များက e-ID အိမ်ထောင်စု စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ e-ID နိုင်(၄)မှတ်တမ်းများ ပြည့်စုံမှန်ကန်စေရေးအတွက်  လာရောက် ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 


ပုဏ္ဏားကျွန်းမြို့နယ်၌ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၉၂)အုပ်စုရှိပြီး၊  (Working Group)မြေပြင်အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးနှင့် ဌာနဆိုင်ရာများက အနီးကပ်ကြီးကြပ်လျက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ၊ ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)