မိုင်းလုံမြို့တွင် နယ်မြေမီးသတ်စခန်းမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းလုံမြို့တွင် နယ်မြေမီးသတ်စခန်းမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နှိုးဆော်



MNP  -  ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နယ်မြေမီးသတ်စခန်းမှ မြို့ပေါ်ရပ်ကွက်များအတွင်း ယမန်နေ့က မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်လျက်ရှိ‌‌ကြောင်း သိရသည်။


အသိပေး နှိုးဆော်ရာတွင် မြို့နေပြည်သူများအနေဖြင့် မီးအသုံးပြုရာတွင် စနစ်တကျ အသုံးပြုမှုများ၊ နေအိမ်များတွင် မီးဘေးကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်ကြရန် စသည့် အချက်အလက်တို့ကို သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် လိုက်လံနှိုးဆော် အသိပေးလျက်ရှိ‌‌ကြောင်း သိရသည်။


ယခုကဲ့သို့ အသိပေးနှိုးဆော်ရာတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြန်မာနှင့်ရှမ်း နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။


ဇော်ဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)