နမ့်ဆန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က၁) ကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က၁) ကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ


MNP   -   ဇန်နဝါရီလ  ၂၀

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်း (၂)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းခွဲ (အ.လ.က ၁)ကျောင်းရှိ နဝရတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် အခြေခံပညာဦးစီးဌာန ဒေသအဆင့်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်”


ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ Grade-10 မှ မောင်ကျော်ခိုင်မှ “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့် လည်ကောင်း၊ Grade -10 မှ မသွယ်သွယ်အောင်မှ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade -10 မှ မောင်ဇော်ဝင်းနိုင်မှ “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လည်ကောင်း၊ Grade -10 မှ မအိဖြူဇင်ထွန်းမှ “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး၊ အခမ်းအနားသို့ တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ Grade-(9-10) မှ ကျောင်းသား/ကျောင်းသူ ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသော ကျောင်းသား /ကျောင်းသူများမှ သိလိုသည်များကို ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)