MNP - ဇန်နဝါရီ ၇
မြန်မာနိုင်ငံ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ပူတာအိုမြို့မှ မြောက်ဘက်နှင့်အနောက်ဘက်တောင်တန်း ကြီးများတွင် ရေခဲတောင်များကိုယမန်နေ့က ဖြူဖွေးလှပစွာ မြင်တွေ့နေရပြီဖြစ်သည်။
အဆိုပါတောင်တန်းကြီးများတွင် ရေခဲများကို ဒီဇင်ဘာလမှဧပြီလအတွင်း အများဆုံးမြင်တွေ့နေရခြင်းဖြစ်ပြီး ရေခဲများသည် မိုးတွင်းကာလများတွင် အရည်ပျော်လျက်ရှိရာ ဒေသခံပြည်သူများသည် မိုးတွင်းကာလများတွင် အဆိုပါရေခဲတောင်များတွင် သဘာဝဆေးမြစ်ဆေးဥများဖြစ်သည့် ရှီးပတီ၊ မချစ်ဥ၊ ခန်းတောက်မြစ်ကို သွားရောက်ရှာ ဖွေလျက်ရှိကြသည်။
ယင်းတောင်တန်းကြီးများသည် မိုးတွင်းကာလတွင် စိမ်းလန်းစိုပြေလျက်ရှိပြီး ဆောင်းရာသီနှင့်နွေရာသီများတွင် ရေခဲများဖြင့်ဖြူဖွေးပြီးလှပသော တောင်တန်းကြီးများအဖြစ် ပြောင်းလဲလာခြင်းကြောင့် ပူတာအိုဒေသခရီးသွားလုပ်ငန်းကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
ဖုန်ကန်
https://t.me/MyanmarNationalPost
No comments:
Post a Comment