ပုဂံမြို့ မြင်းပါကကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံမြို့ မြင်းပါကကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ


MNP  -  ဇန်နဝါရီ ၁၉

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမဆောင်၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကြားခံဆွေးနွေးသူအဖြစ်ဆောင်ရွက်သူ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန်းယုမော်(လက်ထောက်ညွှန်ကြားရေးမှူး)က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားကာ ဦးဆောင်ဆွေးနွေးသူများဖြစ်သည့် ပုဂံမြို့ မြင်းကပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ မောင်ခန့်ဇင်အောင်(Grade-9)က လူငယ်နှင်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဝင်းမင်းခန့်(Grade-9)က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ထူးတည်ကြည်(Grade-7)က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြိုးသော်တာပန်(Grade-9)က လူငယ်နှင့်ယဉ်ကျေးမှု မထက်အိချမ်းဝေ(Grade-9)က လူငယ်နှင့်စည်းကမ်းအကြောင်းအရာ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းဆွေးနွေးချက်များကို ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော်(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးတို့က ပြန်လည်ဖြည့်စွက်ဆွေးနွေးကြကြောင်း သိရသည်။


အဆိုပါ လူငယ်စကားဝိုင်းသို့ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ညောင်ဦးခရိုင်စာသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ အခြေခံပညာဦးစီးဌာနမှ မြင်းကပါကျေးရွာ (အထက-ခွဲ)မှကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)