MNP - ဇန်နဝါရီ-၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ(ရုံးချုပ်)မှ ထုတ်ဝေသော သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့ ၊နံနက်(၁၁)နာရီကမြို့မ အထက(၂)ကျောင်းသို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့က ရန်ကုန်မြို့ တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးတွင် ပြောကြားခဲ့သော ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်များ၊ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းရေး ဆောင်ပါး၊ လွတ်လပ်ရေးကို ကာကွယ်ပါ၊ အမိန့်နိုင်ငံတော်ကို ချစ်မြတ်နိုးပါစသည့် ဆောင်ပုဒ်များ၊ စာရေးဆရာ မြင်းမူမောင်နိုင်မိုး ရေးသားခဲ့သော လွတ်လပ်ရေးပန်းမို့ မနွမ်းစေချင် ကဗျာ၊ ကာတွန်း စသည့် သိမှတ်ဖွယ်ရာ ဗဟုသုတများပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များအားအခြေခံပညာကျောင်းများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ပါသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment