ကျိုင်းတုံမြို့နယ်၊ နောင်တုံကန် သဲနုန်းပြန်လည်ဆယ်ယူနိုင်ရေး လာရောက် ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ်၊ နောင်တုံကန် သဲနုန်းပြန်လည်ဆယ်ယူနိုင်ရေး လာရောက် ရှင်းလင်း


MNP  -  ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ကျိုင်းတုံမြို့နယ် နောင်တုံကန် သဲနုန်းပြန်လည်ဆယ်ယူနိုင်ရေး ရှင်းလင်းခြင်းကို ယမန်နေ့ နေ့လည်(၁၂)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မြို့လယ်တွင် တည်ရှိသည့် နောင်တုံကန်သည် ရှေးယခင်ကတည်းက တည်ရှိပြီး ကျယ်ဝန်းလှပသည့် သဘာဝရေကန်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ မကြာခဏ လာရောက်လည်ပတ်သည့် မြို့ကျက်သရေဆောင် နေရာတစ်ခုဖြစ်ပါကြောင်း၊ နောင်တုံကန်သည် ရေပြင်ဧရိယာ(၃၅.၇၆၂)ဧကရှိပြီး ပျမ်းမျှအနက်မှာ(၁၀)ပေခန့်ရှိပြီး ကန်ရေပြည့်အနက်(၇)ပေ၊ ကန်ရေပြည့် သိုလှောင်ပမာဏ(၂၅၀)ဧကပေ (ဂါလံ၆၈.၀၀သန်းခန့်)ဖြစ်ပါကြောင်း၊ ကန်ရေသွင်းမြောင်းမှာ နန့်ခင်ချောင်းမှတစ်ဆင့် သွင်းယူ၍ မြောင်းအလျားပေ အရှည် (၁၄၄၀၀)ခန့်ရှိပါကြောင်း၊ နောင်တုံကန် သဲနုန်းပြန်လည်ဆယ်ယူခြင်းကို ၁၉၉၇ခုနှစ်က (၁)ကြိမ် ဆောင်ရွက်ပြီး နှစ်(၂၀)ခန့်ကြာမြင့်နေပြီဖြစ်သည့်အတွက် နောင်တုံကန် ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် သဲနုန်းများ ပြန်လည်တူးဖော်ဆယ်ယူခြင်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တင်ပြချက်အရ ခန့်မှန်းနုန်းထု(၂)ပေခွဲ၊ (၃)ပေခန့်တူးဖော် ပေးရမည်ဖြစ်ပြီး ကျင်းပေါင်းခန့်မှန်း (၅၁၀၀၀)ကျင်းတူးဖော်စွန့်ပစ်ရမည်ကို သိရပါကြောင်း၊ ကန်အတွင်းရှိ သဲနုန်းများ ပြန်လည်တူးဖော်ခြင်းကို စည်ပင်သာယာဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ နည်းလမ်း(၄)မျိုးဖြင့် ဆောင်ရွက်ရန် လျာထားမှုကို အကြံပြုတင်ပြထားပါကြောင်း၊ တင်ပြထားသည့် နည်းလမ်းများ အားသာချက်၊ အားနည်းချက်များ အသီးသီးရှိနိုင်ပြီး အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးဌာန ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းမှ နောင်တုံကန် သဲနှုန်းပြန်လည်ဆယ်ယူခြင်း လုပ်ငန်းစီမံချက် ရေးဆွဲတင်ပြမှုနှင့် ညွှန်ကြားမှုအပေါ် ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြီး ကျိုင်းတုံမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးတို့မှ နောင်တုံကန် ပြန်လည်ဆယ်ယူဆောင်ရွက်မည့် ကိစ္စရပ်များ ရှင်းလင်း၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။


မောင်မောင်သန်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)