MNP - ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရွှေလီရတနာရေကျော်တံတား ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွှေလီရတနာရေကျော်တံတားဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး ဦးအောင်ထွန်းဝင်းက ရေကျော်တံတားဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရေကျော်တံတားမှ နားမခေါ်ရပ်ကွက်၊ ရန်တိုင်းအောင် ဘုရားအောက်ဖက် ရပ်ကွက်များအထိ ရေကြီးရေလျှံခြင်းများ ဖြစ်ပွားသည့်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှု၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိတို့၏ အနီးကပ်ကြီးကြပ်မှု၊ တံတားဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များ၏ ကြိုးစားအားထုတ်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားဖြစ်မြောက်ရေး လူအား၊ ငွေအား၊ ကဏ္ဍအသီးသီးမှ ပါဝင်ကူညီခဲ့ကြသော တစ်ဦးချင်းစီအား ကျေးဇူးအထူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ရွှေလီရေကျော်တံတားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်ဇင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရွှေလီရေကျော်တံတားဖြစ်မြောက်ရေး ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment