MNP - ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၁) အခြေခံပညာအထက်ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦးစိန်သောင်း၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဦးအောင်မင်းစိုး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦးစိန်သောင်း၊ ခရိုင်ပညာရေး မှူးဦးသန်းဆွေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦးအောင်မင်းစိုးတို့က အသီးသီးအဖွင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့်မြို့နယ် ကျောင်းစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပညာရပ်နယ်ပယ်အလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦးစိန်သောင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးကြပြီး ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရ သည်။
ထိန်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment