ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပ


MNP  -   ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျောက်ကြီးကွက်သစ်ရှိ အမှတ် (၂၀၁) အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။     


အခမ်းအနားကို အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဖြိုးအောင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလေးများ ဘက်စုံပညာထူးချွန်ရေးအတွက် ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆုရရှိသူများအား ဆက်လက်ကြိုးစားကြရန်နှင့် ဆုမရရှိသူများကိုလည်း စိတ်ဓာတ်မကျဘဲ ကြိုးစားလိုစိတ်ရှိကြရန် ပြောကြားပြီး ထူးချွန်သော ကျောင်းသား၊ ကျောင်းသူလေးများ စဉ်ဆက်မပြတ် ထွက်ပေါ်လာရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး ဝိုင်းဝန်း ဆောင်ရွက်ကြရန် ပြောကြားသည်။


အငြိမ်းစားကျန်းမာရေးမှူး ဦးမောင်ဘသောင်းနှင့် ကျောင်းကော်မတီဝင်ဥက္ကဋ္ဌ ဦးအေးထွန်းတို့မှလည်း အသီးသီး အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အတန်းလိုက် ပထမ,ဒုတိယ,တတိယရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းအားကစားပြိုင်ပွဲတွင် ဆုရရှိသူများနှင့် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ်များနှင့် ဒိုင်းဆုများ ချီးမြှင့်ခဲ့ပြီး ကျောင်းစုံညီပွဲတော်အတွက် လှူဒါန်းကြသော အလှူရှင်များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ဂုဏ်ပြုဆုများကို မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ကျောင်းအုပ်ဆရာကြီး၊ အတန်းလိုက် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တက်ရောက်လာကြသော ပညာရေး ဝန်ထမ်းများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ အစီအစဉ် ဒုတိယပိုင်းအနေဖြင့် ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော် အဆိုအကများဖြင့် အခမ်းအနား တက်ရောက်လာကြသူများကို ဖျော်ဖြေခဲ့ရာ အခမ်းအနား တက်ရောက်လာကြသူများက ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရပြီး ကျောင်းပညာရေး စုံညီပွဲတော်သည် နေ့လည်၁နာရီအချိန်တွင် အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)