မအီမြို့၌ လမ်းဘေးပလက်ဖောင်းပြုလုပ်ရန်အတွက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ လမ်းဘေးပလက်ဖောင်းပြုလုပ်ရန်အတွက် ကွင်းဆင်းဆောင်ရွက်




MNP  -   ဇန်နဝါရီ    ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်မည့် လမ်းဘေးပလက်ဖောင်းပြုလုပ်ရန် ကွင်းဆင်းကြည့်ရှု့တိုင်းတာခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးညီညီလွင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်နှင့် အဖွဲ့ဝန်ထမ်းများလိုက်ပါ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ လမ်းဘေးပလက်ဖောင်းကို မအီမြို့၊ အထက်တန်းကျောင်းရှေ့ ရန်ကုန်<--->ကျောက်ဖြူလမ်းမတစ်လျှောက် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ " ယခုဘဏ္ဍာနှစ်မှာ ကျွန်တော်တို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စည်ပင်သာယာရေးအဖွဲ့ ရုံးခြံဝင်းပတ်လမ်း ကွန်ကရစ်ခင်းခြင်း၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကုန် <---> ကျောက်ဖြူလမ်းတွင် ပလက်ဖောင်းပြုလုပ်ခြင်း၊ ထမိန်စိမ်းမတောင်ရှိ အမှိုက်ပစ်ကျင်းသွားလမ်း ကျောက်ချောခင်းခြင်း၊ စည်ပင်သာယာရေးအဖွဲ့ ရုံးခြံအတွင်း ကားဂိုဒေါင်ပြုလုပ်ခြင်း၊ ရန်ကုန် <---> ကျောက်ဖြူလမ်းနှင့် ချက်ဖောက်လမ်းဒေါင့် (ဈေးအနီး)တွင် မြေထိန်းနံရံပြုလုပ်၍ မြေယာရှုခင်းပြုလုပ်ခြင်း၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့ ရုံးခြံအတွင်း RCC ရေစင်တည်ဆောက်ခြင်း စသည့် ဌာနမှ ဆောင်ရွက်တဲ့လုပ်ငန်း(၆)ခုရှိပါကြောင်း၊ ၎င်းလုပ်ငန်းများအနက် လုပ်ငန်း(၅)ခုကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါကြောင်း၊ အခု ဆောင်ရွက်မည့် လမ်းဘေးပလက်ဖောင်းလုပ်ငန်းက နော်ဆုံးအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် အပြီးသတ်ဆောင်ရွက်နိုင်လိမ်မည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်က ပြောကြားခဲ့သည်။


ဖော်ပြပါ လမ်းဘေးပလက်ဖောင်းမှာ အကျယ်(၄)ပေ၊ အမြင်ထု(၉)လက်မနှင့် အလျားအရှည်ပေ (၆၀၀) ကို ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၁၂.၄၈)ကျပ်သန်းဖြင့် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)