(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများဗိုလ်လုပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများဗိုလ်လုပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ






MNP  -   ဇန်နဝါရီ ၄

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေက မြို့မ အားကစား ကွင်းအတွင်း၌ကျင်းပသည်။


အားကစားပြိုင်ပွဲ ဗိုလ်လုပွဲများအဖြစ် ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ ဂျပန်ဂိုးကျဉ်းပြိုင်ပွဲ ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲများကို ကျင်းပပြီးနောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်တာဝန်ရှိသူများက မီနီမာရသွန်ပြိုင် ပွဲ ၊ဂျပန်ဂိုးကျဉ်းပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ ထုပ်ဆီးတိုးပြိုင်ပွဲများတွင် ပထမဆု ၊ ဒုတိယ ဆု နှင့်တတိယဆု ရရှိသူများကို ငွေသားဆုနှင့်လည်ဆွဲပြားများချီးမြှင့်ပေးကြသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ၊ ခရိုင် ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများ ၊ ကျောင်းသား၊ကျောင်းသူများ ၊ အားကစားအသင်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)