MNP - ဇန်နဝါရီ ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် (အကြို) ဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အနာဂတ် လူငယ်များအနေဖြင့် လွတ်လပ်ရေးအား ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်များ အကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။ ထိုနောက် (၇၅)နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အ(ကြို) နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို တက်ရောက်လာသည့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment