တောင်ကုတ်မြို့၌(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP  -  ဇန်နဝါရီ ၂

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၃)နာရီအချိန်က မြို့မအား ကစားကွင်းအတွင်းကျင်းပသည်။


အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများနေရာယူပြီးနောက် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးဇာနည်တိုး က အမှာ စကားပြောကြားပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဌာန်များရွတ်ဆိုကြပြီးနောက် ပြိုင်ပွဲများအဖြစ် ကျောင်းပေါင်းစုံ ထုပ်ဆီးတိုးပြိုင်ပွဲ ၊ပိုက်ကျော်ခြင်းပြိုင်ပွဲ နှင့်ဂျပန်ဂိုးကျဉ်းပြိုင်ပွဲများကျင်းပသည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည် တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲများအဖြစ် အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲ ၊ အခြေခံပညာကျောင်းပေါင်းစုံ ပိုက် ကျော်ခြင်းပြိုင်ပွဲ ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ဂျပန်ဂိုးကျဉ်းပြိုင်ပွဲများနှင့်အခြားပျော်ပွဲရွှင်ပွဲများကို ဆက် လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)