နမ့်ခမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ခမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ



MNP  -   ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ "လူငယ်နှင့်စာရိတ္တ" ခေါင်စဉ်ဖြင့်  လူငယ်စကားဝိုင်းကျင်းပဆောင်ရွက်ကြောင်း သိရသည်။       


ကျောင်းသား လူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိသတ်ရှေ့မောက်၌ ပြောဆိုဆွေးနွေးတက်စေရန်၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးခြင်း အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာ၍ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ် စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် ပညာရေးဌာနမှ အမှတ်(၁) အခြေခံပညာအထက်တန်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသားကျောင်းသူများ တို့ပူးပေါင်းပြီး လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်သွင်က လူငယ်စကားဝိုင်းကျင်းပခြင်းနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များအတွက် ကောင်းကျိုးရှိစေရန် ရည်ရွည်၍ ကျင်းပရခြင်းဖြစ်သည့်အတွက် ကောင်းကျိုးတက်ရောက်မှုများစွာ ရရှိမည်ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ မြို့နယ်ပြန်ကြား‌​ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ တာဝန်ခံ ဦးမိုင်းဆိုင်ထွန်းက လူငယ်စကားဝိုင်း အခမ်းအနားညှိနှိုင်းရေးမှူးအဖြစ်လည်းကောင်း အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ဦးစိန်ဝိုင်းနှင့် ဦးဆောင်​ဆွေး​နွေးသူအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အ.ထ.က(၁)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများမှ G-11တန်းမှ မောင်ထက်နိုင်လင်းနှင့် မဖြိုးဝင့်သူ၊ G-10 တန်းမှ မိုင်းကျော်ဝင်း၊ မမေစန္ဒာဝင်းနှင့် မယွန်းမီမီကို တို့က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်နှင့်ဆက်နွယ်သည့် သိမှတ်ဖွယ်ရာများ၊ စာရေးစာဆိုသူတို့၏အဆိုအမိန့်များ၊ စာပေကျမ်းဂန်ရှိ အတုယူဖွယ်ကောင်းသည့် ဥပမာသာဓကများစသည့် လူငယ်များက ကောင်းသော စာရိတ္တကိုယ်စီကျင့်သုံးကြ၍ မိမိအတွက်လည်းကောင်း အများအတွက်လည်းကောင်း နိုင်ငံအတွက်လည်းကောင်း ကောင်းကျိုးဖြစ်ထွန်းစေသည့် အကြောင်းအရာများကို  အသီးသီး​ဆွေး​နွေးခဲ့ကြသည်။ အခမ်းအနားသို့ တက်​ရောက်လာသူများမှလည်း သိလိုသည်များနှင့် ဖြည့်စွက်ဆွေးနွေးလိုသည်များကို မေးမြန်းဆွေးနွေးပေးခဲ့ကြရာ ဦးဆောင် ဆွေးနွေးသူများမှ ဖြေကြားဆွေးနွေးပေးကာ စကားဝိုင်းတွင်  အပြန်အလှန်ဆွေးနွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။       


အဆိုပါ ကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(၃)ကျောင်းတို့မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၃၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး နမ့်ခမ်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်းတို့တွင်လည်း လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)