ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲကျင်းပ




MNP  -  ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က နမ့်ဆန်မြို့ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က (၁)ရှိ နဝရတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများမှ “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် စတင်ဖွင့်လှစ်သီဆိုပြီး၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ တာသိန်းဇော် မှအဖွင့်အမှာစကားပြောကြားခဲ့ရာ ပညာရေးစုံညီပွဲတော်သို့ ကြွရောက်လာကြသောဌာနဆိုင်ရာမှ အကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘဆရာအသင်းများ၊ ကျောင်းသားမိဘများနှင့်ကျောင်းသား/ကျောင်းသူများအားကြိုဆိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် ပညာရေးသည်အလွန်အရေးကြီးကြောင်း၊ ပညာဂုဏ်မြင့်မားမှ လူမျိုးဂုဏ်မြင့်မားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား/သူမိဘများအနေဖြင့် မိမိသားငယ်သမီးငယ်များ ပညာတက်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီးပေးစေလိုကြောင်း ပြောကြားခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီဦးမှ ကျောင်း ကိစ္စအဝဝရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်များဖြစ်သော မြို့မိမြို့ဖများအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ပြီး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဆုရရှိသော ကျောင်းသား/သူများအား ကြွရောက်လာကြသော ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး၊ ကျောင်းသား/သူများမှ အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ကပြပေးကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့  ဒေသစီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ တာသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှအကြီးအကဲများ၊ ကျောင်းသားမိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကြွရောက်လာကြသော ဧည့်သည်တော်များအား နေ့လည်စာအဖြစ် ကြာဇံဟင်းခါး တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


နမ့်ဆန်ဒေသ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)