တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်



MNP -  ဇန်နဝါရီ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ  အကြိုဗိုလ်လုပွဲ ပထမနေ့ပွဲစဉ်ကို ယမန်နေ့ မွန်းလွဲ ၃နာရီခွဲက မြို့နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။


အကြိုဗိုလ်လုပွဲတွင် မြဝတီရပ်ကွက်အသင်းနှင့် ဘုရင့်နောင်ရပ်ကွက်(က)အသင်းတို့ ယှဉ်ပြိုင် ကစားရာ နှစ်သင်းစလုံးတွင် (၁)ဂိုး၊ (၁)ဂိုးစီဖြင့် သရေကျ၍ ဆက်လက်ပြီး ပင်လည်တည်ကစား ရာတွင် ဘုရင့်နောင်ရပ်ကွက်(က)အသင်းက မြဝတီရပ်ကွက်အသင်းကို (၄)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရ ရှိ၍ ဗိုလ်လုပွဲ တက်ရောင်နိုင်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘောလုံးအားကစားဝါသနာရှင်များ စုစုပေါင်းပရိသတ်(၉၀၀) ကျော် တက်ရောက်ကြည့်ရှု အားပေး​ခဲ့သည်။


အဆိုပါဘောလုံးပြိုင်ပွဲတွင်  အုပ်စု(က)တွင် အောင်ဇေယျရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(ခ)၊ မြဝတီရပ်ကွက်၊ စုပေါင်းအသင်း၊ အုပ်စု(ခ)တွင်  အနော်ရထာရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(က)အသင်းတို့ ပါဝင်ယှဉ်ပြိုင်၍ ပတ်လည်ကစားခဲ့ကြပြီး၊


အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်ကို ယနေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့တွင် ယှဉ်ပြိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)