နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များဖွင့်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များဖွင့်ပွဲ တက်ရောက်





MNP  -   ဇန်နဝါရီ   ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော် ဥပါတသန္တိစေတီတော်တောင်ဘက်     တပေါင်းကွင်းအတွင်းရှိ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့   အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရိုးရာ    အကအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


 ဖဲကြိုးဖြတ်ဖွင့်လှစ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် မန်းငြိမ်းမောင်နှင့် စောဒန်နီယယ်၊  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တို့က  အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ထံ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို  ပေးအပ်သည်။


ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့များက    “ပြည့်ရတနာ” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများနှင့် တိုင်းရင်းသားရိုးရာ အစားအစာ ပြခန်းများကို လိုက်လံကြည့်ရှု အားပေးကြသည်။


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ ရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များပြပွဲကို ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်        ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း စုစုပေါင်းပြခန်း ၅၅ ခန်းနှင့်     ဝန်ကြီးဌာနများအလိုက် ကိုယ်စားပြု ဂုဏ်ပြုယာဉ် ၂၆ စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်         ပြည်နယ်ကိုယ်စားပြုဂုဏ်ပြုယာဉ် ၁၅ စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့       ဂုဏ်ပြုယာဉ်တစ်စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ်တစ်စီးနှင့် တပ်မတော်ကိုယ်စားပြု      ဂုဏ်ပြုယာဉ်ငါးစီး စုစုပေါင်းဂုဏ်ပြုယာဉ် ၄၈ စီး တို့ကို ပြသသွားမည်ဖြစ်ပြီး ပြည်သူများအားလုံး           အခမဲ့ လာရောက်လည်ပတ်လေ့လာနိုင်ပါကြောင်းနှင့် လုံခြုံရေးတင်းကျပ်မှုအရ မြို့ဝင်/ထွက်   နေရာများ၊ ပြခန်း ဝင်/ထွက်နေရာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျ   စစ်ဆေးရှာဖွေမှုများကို ကြည်ဖြူစွာ နားလည်လက်ခံပေးနိုင်ရေး သက်ဆိုင်ရာမှ မေတ္တာ ရပ်ခံထားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)