တောင်ကုတ်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများနှင့်ပျော်ပွဲရွှင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများနှင့်ပျော်ပွဲရွှင်ပွဲများကျင်းပ






MNP -   ဇန်နဝါရီ ၄

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများနှင့် အခြားပျော်ပွဲရွှင်ပွဲများကို တောင်ကုတ်တက္ကသိုလ်၊ မြို့ပေါ်ရပ်ကွက် များနှင့်ကျေးရွာများ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြ ကြောင်းသိရသည်။


အားကစားပြိုင်ပွဲများအဖြစ် ဌာနဆိုင်ရာဝန်ထမ်းများ၏ အမျိုးသား ၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့၌ ကျင်းပရာ ဆုရရှိကြသည့် အသင်းများသို့ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် အဖွဲ့ ဝင်များက ဆုများချီးမြှင့်သည်။


  ထို့အတူ တောင်ကုတ်တက္ကသိုလ်နှင့်မြို့ပေါ်ရပ်ကွက်များနှင့်ကိုင်းရှည်ကျေးရွာ၊ဝက်ကျိတ်ကျေးရွာ များ တွင် (၁၅)နှစ်အောက်အမျိုးသား၊အမျိုးသမီးအပြေးပြိုင်ပွဲ ၊ စက်ဘီးအနှေး စီးပြိုင်ပွဲ၊ထုတ်ဆီးတိုးပြိုင်ပွဲ ၊ မူလတန်းကြိုအရွယ်ကလေးငယ်များ၏ မုန့်စားပြိုင်ပွဲ ၊ကွမ်းသီးကောက်ပြိုင်ပွဲ ၊ ပူပေါင်းဖောက်ပြိုင်ပွဲ ၊ အမျိုးသမီးကြီးများ စကောရွက်ပြိုင်ပွဲ နှင့်လွန်ဆွဲပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အားပေးကြည့်ရှုကြသည့် ပြည်သူများဖြင့်အထူးစည်ကူးလျက်ရှိခဲ့ပြီး ညနေပိုင်းတွင် တောင်ကုတ်မြို့ကမ်းနား လမ်းရှိ (We Love Taung goke)ရှုခင်းသာနေရာတွင် ဂီတဝါသနာရှင်လူငယ်များ၏ စတိတ်ရှိုးတေးသံသာများ ဖြင့်တင်ဆက် လျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)