သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊စာရေးများ အပတ်စဉ်လဝက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊စာရေးများ အပတ်စဉ်လဝက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP  -   ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများ အပတ်စဉ်လဝက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။


ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးမြင့်မြတ်ဇော်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပတ်စဉ်လဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးဂရုစိုက်ဆောင်ရွက်ရန်၊ မြေပြင်ကွင်းဆင်းကောက်ယူမှုလုပ်ငန်းအလေးထားဆောင်ရွက်ရန်၊ ထူးခြားမှုရှိပါက ချက်ခြင်းတင်ပြရန်၊ နေကြာစိုက်ပျိုးရေးလျာထားချက်ပြည့်မီအောင်စိုက်ပျိုးရန်၊ နိုင်ငံစီးပွားမြင့်တင်ရန်ပုံငွေဖြင့်နွေစပါး၊ ပဲတီစိမ်းသွင်းအားစုစာချုပ်ချုပ်ဆိုရန်၊ ရိုးပြတ်ကျန်ဧကများမြေပြင်ကွင်းဆင်းကောက်ယူမှုလုပ်ငန်း အလေးထားဆောင်ရွက်ရန်၊ ထူးခြားမှုရှိပါက ချက်ခြင်းတင်ပြရန်၊ နေကြာစိုက်ပျိုးရေးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရေးလျာထားချက်ပြည့်မီအောင်စိုက်ပျိုးရန်၊ နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေဖြင့်နွေစပါး၊ ပဲတီစိမ်းသွင်းအားစု စာချုပ်ချုပ်ဆိုရန်၊ ရိုးပြတ်ကျန်ဧကများ(၃၁.၁.၂၀၂၃)ရက်နေ့အထိ စိုက်ပျိုးရေးဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေးပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပြန်လည်ဆွေးနွေးတင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မျိုးဇော်သိန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)