နမ့်စန်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၄)ခရိုင် အလွတ်တန်း ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၄)ခရိုင် အလွတ်တန်း ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များ ဆက်လက်ကျင်းပ





MNP  -   ဇန်နဝါရီ ၁

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၄)ခရိုင်အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၄ ရက်မှ စတင်၍ ကျင်းပလျက်ရှိရာ အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များကို ယမန်နေ့ ညနေ ၂ နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပထမပွဲစဉ်အဖြစ် နမ့်စန်မြို့နယ် ဘောလုံးအသင်းနှင့် ရ.လ.ခ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ နမ့်နစ်မြို့နယ် ဘောလုံးအသင်းက ၃ဂိုး၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ဆက်လက်၍ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ဒုတိယပွဲစဉ်အဖြစ် ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်းတွင် လွိုင်လင်မြို့နယ်(က)အသင်းနှင့် လွိုင်လင်မြို့နယ်(ခ)အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားများကို ဇန်နဝါရီလ ၃ ရက်နေ့တွင် မြို့နယ်ကျောက်တိုင်အားကစားကွင်း၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သူရအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)