ဖား​ဆောင်းမြို့နယ်တွင် အ​​ခြေခံ၊အဆင့်မြင့်(အပ်ချုပ်စက်)သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖား​ဆောင်းမြို့နယ်တွင် အ​​ခြေခံ၊အဆင့်မြင့်(အပ်ချုပ်စက်)သင်တန်းဖွင့်ပွဲကျင်းပ


MNP    -    ဇန်နဝါရီ ၂၇

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် သမဝါယမနှင့်​ကျေးလက်ဖွံဖြိုး​ရေးဦးစီးဌာန၊ ဖား​ဆောင်းမြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အ​​ခြေခံ၊အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယ​နေ့နံနက် ၁၀ နာရီက  တောင်​ပိုင်းရပ်ကွက်မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးက သင်တန်းမှရရှိ​သော စာ​တွေ့လက်​တွေ့ပညာများကို လက်​တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချတတ်​စေရန် အဖွင့်အမှာစကား​ပြောကြားပြီး ဘောလခဲခရိုင် ​ကျေးလက်​ဒေသဖွံဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစံမြက ကျေးလက်​နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ​စေရန်၊ မိသားစုတွင်းတစ်ဖက်တစ်လမ်းမှ ဝင်​ငွေတိုး​စေ၍ စားဝတ်​နေ​ရေး​ပြေလည်​စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်​ပေးခြင်းဖြစ်​သော​ကြောင့် သင်တန်းမှပို့ချသည့် ဘာသာရပ်များအား စိတ်ဝင်စားစွာ​လေ့လာသင်ယူခြင်းဖြင့် မိမိဘဝတက်လှမ်းတိုးတက်မြှင့်မားလာ​အောင် ကြိုးစားသင်ယူကြ​စေလို​ကြောင်း ထပ်ဆင့်အမှာစကား​ပြောကြားခဲ့သည်။


ထို့​နောက် သင်တန်းနည်းပြဆရာမမှ​ သင်တန်းတွင်ပို့ချအမည့် ဘာသာရပ်များကို ရှင်းလင်း​​ပြောကြားခဲ့သည်။


အဆိုပါအ​​ခြေခံ၊အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို ရက်​ပေါင်း(၄၀)ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသူ(၂၀)ဦးတက်​ရောက်ခဲ့​ကြောင်းနှင့် သင်တန်းတွင် လက်​တွေ့သင်ခန်းစာပို့ချ​နေမှုအား မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦး၊​ ဘောလခဲခရိုင်၊ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစံမြနှင့် တာဝန်ရှိသူများက ကြည့်ရှုအား​ပေးခဲ့ကြ​ကြောင်း သိရသည်။


နန်းသဲနု​အောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)