ဒုတိယဝန်ကြီး ဦးရဲတင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးရဲတင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


MNP  -   ဇန်နဝါရီ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည့် ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းတွင် မိုင်းပန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။


ထို့နောက်  မိုင်းတုံမြို့ရှိ ထပ်ဆင့်လွှင့်စက်ရုံကိုကြည့်ရှုစစ်ဆေးပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ မွန်းလွဲပိုင်းတွင် မိုင်းဆတ်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိုင်းခတ်၊ မိုင်းထ၊ ပုံပါကျင်မြို့တို့မှ ဦးစီးမှူးများ၊ မိုင်းဆတ်ထပ်ဆင့်လွှင့်စက်ရုံမှူးတို့နှင့် တွေ့ဆုံသည်။


ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိုင်းယောင်း၊ မိုင်းယု၊ ကျိုင်းလတ်မြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးနှင့် တာချီလိတ်ထပ်ဆင့်လွှင့်စက်ရုံစက်ရုံမှူးတို့ကိုတွေ့ဆုံပြီး တာချီလိတ်ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။


ယင်းနောက် တာလေမြို့ရှိ ထပ်ဆင့်လွှင့်စက်ရုံ၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့ ထပ်ဆင့်လွှင့်စက်ရုံနှင့် မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတို့ကိုရောက်ရှိပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ ပညာကိုကြိုးစားသင်ယူရေး၊ အတတ်ပညာသာမက အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်ပြည့်ဝသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ရေးနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် လူငယ်များဖြစ်အောင်ကြိုးစားကြရန်မှာကြားကာ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သော အားကစားဆိုင်ရာပစ္စည်းများကို တာဝန်ရှိသူများထံပေးအပ်သည်။


ညနေပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် တွဲဖက်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိုင်းဆတ်နှင့် မိုင်းယန်းမြို့နယ်ဦးစီးမှူးများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံများ ကျိုင်းတုံဇုန်နယ်မှူးနှင့် မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းယုထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံများ၊ ကိုယ်ပွားသတင်းစာတိုက်(ကျိုင်းတုံ)တာဝန်ခံတို့အားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။


ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် နိုင်ငံ့ဝန်ထမ်းပီသစွာ သစ္စာရှိရှိ တာဝန်သိသိ ထမ်းဆောင်ရေး၊ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား ကျောင်းသူ လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး အသိပညာဗဟုသုတမျှဝေပေးနိုင်ရေး၊ ဝေးလံသောဒေသများဖြစ်၍ ဌာနဆိုင်ရာအကြီးအကဲနှင့် တာဝန်ရှိသူများ မလာရောက်နိုင်သော်လည်း မိမိတို့ကိုယ်တိုင်က တာဝန်သိစိတ်၊ စေတနာတို့ဖြင့် ဆောင်ရွက်ရန်ရှိသည်များကို အလိုက်တသိဆောင်ရွက်ကြရေး၊ ထပ်ဆင့်လွှင့်စက်ရုံများမှထုတ်လွှင့်မှုကို လျှပ်စစ်ဓာတ်အားရရှိမှုအပေါ်မူတည်၍ အပြည့်အဝထုတ်လွှင့်ပေးနိုင်ရေး၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်သတိပြုကာကွယ်ရေးနှင့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)