ဂွမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကျင်းပ






MNP  -  ဇန်နဝါရီ    ၄

ရခိုင်ပြည်နယ်၊ ဂွမြို့တွင်၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄  ရက်နေ့တွင်ကျရောက်သည့် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ ညနေပိုင်းမှစတင်ကာ မြို့မရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် စည်ကားသိုက် မြိုက်စွာ ကျင်းပလျက်ရှိသည်။


အားကစားပြိုင်ပွဲများတွင် ရိုးရာခြင်းပညာရှင်များ၏ ရိုးရာခြင်းအလှခတ်ပွဲနှင့် အခြေခံပညာ ကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ရှိ ကျောင်းသား၊ ကျောင်းသူများမှ စိတ် အားထက်သန် ပျော်ရွှင်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့်  ပြိုင်ပွဲများမှာ  ထုပ်ဆီးတိုးပြိုင်ပွဲ၊ မီတာ (၁၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ ခြေပူးပြေးပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ ၊ကွမ်းသီးကောက်ပြိုင်ပွဲအစရှိသည့် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို မြို့မအားကစားဘောလုံးကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် အသင်းများနှင့် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီး သီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)