သာစည်မြို့ မိုးလုံလေလုံအားကစားခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား ဘော်လီဘောပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့ မိုးလုံလေလုံအားကစားခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား ဘော်လီဘောပြိုင်ပွဲ ကျင်းပ



MNP  -   ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် (၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသားဘော်လီဘော  ပြိုင်ပွဲကို ဇန်နဝါရီ  ၁  ရက် နံနက်  ၈  နာရီခွဲက  မြို့နယ်အားကစားပြိုင်ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ပြိုင်ပွဲတွင် အသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်ပြီး  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ   ၄  သင်းနှင့် ရပ်ကွက်/ကျေးရွာများမှ ၆ သင်းတို့ဖြစ်ကြောင်း သိရသည်။    ပြိုင်ပွဲကို  အုပ်စုပတ်လည်အမှတ်ပေး၊ ရှုံးထွက်၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများကို   မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးကြပ်၍  ဇန်နဝါရီ ၂ ရက်နေ့အပြီး ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ပြီး ဆုရရှိသည့် အသင်းများကို မြို့နယ်မှ ကျင်းပပြုလုပ်မည့်(၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။  


သာစည်မြို့နယ်တွင် (၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယခုကျင်းပသည့် အမျိုးသားဘော်လီဘော ပြိုင်ပွဲနှင့် ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ဌာနဆိုင်ရာပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်း ပြိုင်ပွဲတို့ကို   ပြုလုပ်ခဲ့ပြီး   စိန်ရတုလွတ်လပ်ရေးနေ့တွင် အပြေးပြိုင်ပွဲများ၊ အိတ်စွပ်ပြေး၊ ခေါင်းအုံးရိုက်၊ အာလူးကောက်၊ ချောတိုင်တက် စသည်ဖြင့် အားကစားပြိုင်ပွဲများနှင့် ပျော်ရွှင်ဖွယ်ကစားပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)