MNP - ဇန်နဝါရီ ၁၂
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ အသက်၅နှစ်မှ၁၂နှစ်အတွင်း ရှိကျောင်းသား၊ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးအားတတိယအကြိမ်အဖြစ်ထိုးနှံပေးခြင်းကိုဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီတွင်စုရပ်နေရာဖြစ်သည့် အမှတ်
(၁) အခြေခံပညာမူလတန်းလွန်(ကံ့ကော်)ကျောင်း ၌ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးရာတွင် ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှ ဝန်းထမ်းများက ကျောင်းသား၊ကျောင်းသူ များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင် ချိန်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီးအခြေခံပညာကျောင်း (၇)ကျောင်းရှိKG မှ Grade – 5 အထိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၉၅၀)ဦး တို့အား ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီတတိယအကြိမ် အဖြစ်Booster Dose ကာကွယ်ဆေးကို ထိုးနှံပေး ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment