ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)အားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)အားကျင်းပ


MNP   -   ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)အား ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း အေးချမ်း တည်ငြိမ်မှု၊ အလုပ်ရှင်/အလုပ်သမားပြဿနာကင်းရှင်းခြင်းတို့ကြောင့် နိုင်ငံခြား သား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ CMP လုပ်ငန်းများအပြင်(ရေအား၊လေအား၊ဆိုလာ)စနစ်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဓါတ်မြေဩဇာထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး EIA,SIA စစ်ဆေးခြင်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့်     အရောင်ဆိုးသည့် ဓာတုပစ္စည်းများကိုလည်း သတ်မှတ်နည်းလမ်းများအတိုင်း စနစ်တကျ သိမ်းဆည်းသိုလှောင်ရန်လိုအပ်ကြောင်း၊ ဖိနပ်နှင့်လက်ကိုင်အိတ်အမျိုးမျိုးထုတ်လုပ်သည့် စက်ရုံများတွင် ဒေသထွက်ရာဘာကုန်ကြမ်းပစ္စည်းများကိုလည်း ပြန်လည်အဆင့်မြှင့်တင်ပြီး  အသုံးပြုနိုင်ရေး လိုအပ်သည့်နည်းပညာများ ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကန့်သတ်ထားသည့်လုပ်ငန်းများမှလွဲ၍ မည်သည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုမဆို ကြိုဆိုလျက်ရှိကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် Myat Min Co., Ltd ၏ ဝက်မွေးမြူရေး လုပ်ငန်း၊ Tianjin Golden Mountain Trade Co., Ltd ၏ ဂျာကင်အမျိုးမျိုး ထုတ်လုပ်သည့်လုပ်ငန်း၊ Xin Long Chang Garment Co., Ltd ၏ CMP အထည်ချုပ်လုပ်ငန်း၊ Vicsong Co., Ltd ၏ ဖိနပ်အမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်း၊ VHT Garment Co., Ltd ၏ အဝတ်အမျိုးမျိုးအထည်ချုပ်လုပ်ငန်းတို့၏ ရင်းနှီးမြှုပ်နှံမှုအသစ် ထပ်မံတိုးချဲ့ခြင်းနှင့် Royal Lucky Dragon Co., Ltd  ၏ တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းလုပ်ငန်းများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၀.၈၅၇)သန်းနှင့် မြန်မာကျပ်ငွေ(၈၆၀၂.၅၆)သန်း ထပ်မံဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၃၃.၇၈၃)သန်း၊ မြန်မာကျပ်ငွေ(၇၂၅၁၀.၇၇၅)သန်း တိုးတက်ဝင်ရောက်ခဲ့ကာ ဒေသတွင်း လုပ်သား(၇၇၈၅)ဦး အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးခဲ့သည်။ မကြာမီ တိုင်းဒေသကြီး အတွင်း ကိုရီးယားနိုင်ငံမှ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၄)ခုအား ထပ်မံ၍ရင်းနှီးမြှုပ်နှံ သွားမည့် အခွင့်အလမ်းကောင်းများလည်းရှိကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)