သုံးခွမြို့နယ် ကံမြင့်ကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းနှင့် အုတ်‌ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ် ကံမြင့်ကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းနှင့် အုတ်‌ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်



MNP  - ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် သုံးခွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ(၃၆)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သော ကံမြင့်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အတိုးရရှိငွေမှ ငွေကျပ်(၁၇.၄)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၁၃.၅၅)သန်းဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ပြည်သူများသွားလာရေး အဆင်ပြေစေရန် ရွာတွင်းမဥ္ဇူလမ်း (၇၃၀'x၁၀'x၆")နှင့် သာသနာ့ရောင်ခြည်လမ်း(၆၄၅'x ၁၀' x ၆")ကွန်ကရစ်လမ်း ခင်းခြင်းနှင့်‌ ရေစီးရေလာကောင်းမွန်စေရန် အုတ်ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိ‌ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းခွင်သို့ ယမန်နေ့မွန်းလွဲ ၁ နာရီက သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်နှင်းချို၊ ဦးစီးအရာရှိ(နည်းပညာ)ဒေါ်ယမင်းသူနှင့်ဝန်ထမ်းများက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်ပြီး‌စီးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


စည်သူလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)