ကျောက်ဆည်မြို့နယ် အေးရွာကျေးရွာတွင် ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ မိသားစု အပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် အေးရွာကျေးရွာတွင် ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ မိသားစု အပိုဝင်ငွေရရှိ


MNP  -  ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့်  ဆန်၊ စပါးအပြင်  ကာလတို သီးနှံများနှင့် ဈေးကွက်ဝင်  ဟင်းသီး၊ ဟင်းရွက်ပင်များ၊ နနွင်း၊ နှမ်း၊ ဝါ၊ ငှက်ပျော၊ ပဲတီစိမ်း၊ ငရုပ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ သံရွာကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် ကီလိုမာလကာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ မိသားစုအပိုဝင်ရရှိပြီး စားဝတ်နေရေးဆင်ပြေလျက်ရှိကြောင်း သိရှိ သည်။


ကီလိုမာလကာပင်သည် စိုက်ပျိုးပြီးတစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများကို စတင်ခူးဆွတ် ရောင်းချရကြောင်း၊ ရောင်းချရာတွင် ဖောက်သည်များမှ မာလကာခြံထဲအထိ လာရောက်၍ အသီး အကြီးအသေးအပေါ်မူတည်ပြီး တစ်လုံးလျင် ငွေကျပ်(၈၀)မှ (၁၅၀)ကျပ်ဖြင့် နေ့စဉ်လာရောက် ဝယ်ယူကြောင်း၊ မိသားစုအပိုဝင်ငွေရရှိရေး (၆) နှစ်သက်တမ်းရှိ ကီလိုမာလကာ အပင် (၂၀၀) တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ရွာသာအေးကျေးရွာမှ မာလကာခြံပိုင်ရှင် ဦးမြင့်ရီက ‌ပြောပြသည်။


မာလကာပင်များစိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး အပင်များသန်စေရန်နှင့် အသီးလုံး လှစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၂) ပေခြားပြီး၊ တစ်တန်းနှင့်တစ်တန်း (၁၅) ပေခန့်ခြားကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်သားအတွင်း ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်ရကြောင်း၊ အသီးများ သီးလုံးဖောက်ပိုးမဝင်စေရန်နှင့် အရောင်တောက်ပစေရန်အတွက် မာလကာသီးများကို စက္ကူဖြင့် ပတ်ပေးရကြောင်းနှစ်လအကြာတွင် မာလကာသီးများ ခူးဆွတ်ရကြောင်း၊ ကီလိုမာလကာ သီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး ဝင်ငွေလွယ်ကူစွာရရှိသဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။


တင်တင်ထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)