လားရှိုးမြို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြ






MNP ၊ ဇန်နဝါရီ ၁

ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်နယ် အတွင်းရေးမှူးဒေါက်တာလဆိုင်းဦးဆောင်သော ပြည်နယ်၊ ခရိုင်၊မြို့နယ်ပါတီဝင် များအဖွဲ့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန် မာနိုင်ငံအပေါ် တဖက်သတ်ဆုံးဖြတ်ချက်နှင့်ပက်သက်၍ ဆန့်ကျင့်ရှုတ်ချ ဆန္ဒပြခဲ့ကြသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးမည့်အကြံ တို့လက်မခံ၊ UNSC ၏ မြန်မာနိုင်ငံဆုံးဖြတ်ချက်အဆိုအပေါ် ကန့်ကွက်ပါသည်၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးမည့်အကြံ ဒို့လက်မခံ၊ မြန်မာ့ဒီမိုကရေစီ နှောင့်နှေးမည့်အကြံ ဒို့လက်မခံ ဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။


အဆိုပါ ဆန့်ကျင်ပွဲတွင် ဦးစိုင်းအောင်လှမှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုအားဆန့်ကျင်ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ မြန်မာ့ပြည်တွင်းရေးဝင်ရောက်စွတ်ဖက်သူ ဒို့ရန်သူ စသောကြွေးကြော်သံများဖြင့် ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)