ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲများ ဆောင်ရွက်



MNP  -  ဇန်နဝါရီ ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့သွားရောက်၍ လူငယ်သိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ လူငယ်အသိပညာပေးပြပွဲများပြသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ(၁၈)ရက်နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ် ညောင်ရွှေမြို့  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ဟောပြောပွဲတွင် ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများအကြောင်း၊ မျက်မောက်ခေတ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့်လူငယ်ဆိုင်ရာအတွေးအမြင်များအကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။


ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများအတွက် လူငယ်အသိပညာပေးပြပွဲ ခင်းကျင်းပြသပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။


စိုင်းအယ်ဘဲ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)