(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်းပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် ထုတ်ဆီးတိုးပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်းပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် ထုတ်ဆီးတိုးပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ





MNP  -  ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်   အလွတ်တန်းပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် ထုတ်ဆီးတိုးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက  တေဇအားကစားခန်းမ၌ ကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်  ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။


အဆိုပါအခမ်းအနားတွင် ဆုရရှိသည့်အသင်းများအား ဆုများချီးမြှင့်ရာပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သည့်စမ်းအိုင့်အသင်းနှင့် အမှတ်(၈)(က)အသင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်(၂)တို့က ဆုများချီးမြှင့်ပေးခဲ့သည်။


ထို့နောက် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သော အမှတ်(၇)အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သက်နိုင်ထွန်းကဆုများချီးမြှင့်ပေးခဲ့ပြီး ပထမဆု ရရှိသည့် ဘီးစက်(ထုံးတောင်)အသင်းအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ထုတ်ဆီးတိုးပြိုင်ပွဲများတွင် ဒုတိယဆုရရှိသည့် အထက(၁) အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းတင့်က ဆုချီးမြှင့်ပေးခဲ့ပြီး ပထမရရှိသည့် ပိဿလိမ်း အသင်းအား ခရိုင်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ယဉ်မင်းသူက ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)