စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

 



MNP  -   ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားရုံတွင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပညာရေးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ ၁၅မိနစ် အချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်သဲသဲက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်၍ အခမ်းအနားကို စတင်ဖွင့်လှစ်ကြောင်း ကြေငြာ၍ အခမ်းအနားကို စတင်ရာ မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဦးသက်လင်းက အဖွင့်အမှာစကား ပြောကြားကာ ကျောင်းသားလူငယ်များအား ၊မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောရခြင်းနှင့် ပတ်သက်၍ မြို့နယ်အတွင်း မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မူးယစ်ဆေးဝါး အကြောင်းများနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲဖြစ်ပေါ်စေသည့် ဆေးဝါးအမျိုးအစားများအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲပါက ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် စတင်ဖွဲ့စည်းပေါ်ပေါက်ခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များ ပေါ်ပေါက်လာပုံများကို ပြည့်စုံစွာရှင်းလင်းပြောကြားခဲ့ကာ မူးယစ်ဆေးဝါးသုံးစွဲမိပါက မိသားစုကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကအစ ဘဝပျက်စီးဆုံးရှုံးသည်အထိ ဖြစ်ပေါ်လာနိုင်၍ ကျန်းမာရေးသည် အဓိကဖြစ်သောကြောင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အရာမှန်သမျှကို ငယ်စဉ်မှစ၍ စမ်းသပ်သုံးစွဲခြင်းမပြုလုပ်ကြရန်နှင့် “ရှောင်လေဝေးဝေးမူးယစ်ဆေး”ဆိုသကဲ့သို့ ကွမ်းယာ၊ ဆေးလိပ်၊ အရက်သေစာအမျိုးမျိုးတို့ကို စမ်းသပ်သုံးစွဲခြင်းများ မပြုလုပ်ကြရန်နှင့် စမ်းသပ်သုံးစွဲမိပါက မိမိတို့၏စိတ်ကို ပြောင်းလဲဖြစ်ပေါ်စေကာ လုပ်ချင်ကိုင်ချင်စိတ်များ လျော့နည်းစေကြောင်းနှင့် နောက်ဆုံးတွင် ခြေလက်အင်္ဂါများကိုပါ ဆုံးရှုံးမှုအထိ ဖြစ်ပေါ်လာစေကြောင်း နောင်တစ်ချိန်တွင် ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် နိုင်ငံသားကောင်းရတနာ၊ သမီးကောင်းရတနာများပေါ်ပေါက်လာစေရန်အတွက် ယခုကဲ့သို့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရခြင်းဖြစ်ကြောင်း အကျယ်တဝင်း ပြောကြားသွားခဲ့သည်။


ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာများအား စလင်းမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ် ဇော်ဇော်မှထပ်ဆင့်၍ ဆွေးနွေးပြောကြားခဲ့သည်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့် ဆရာ၊ ဆရာမ စုစုပေါင်း ၁၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)