ဒေါပုံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပရဟိတအသင်းအဖွဲ့များ စုပေါင်း၍ အထူးသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပရဟိတအသင်းအဖွဲ့များ စုပေါင်း၍ အထူးသန့်ရှင်းရေးဆောင်ရွက်


MNP   -    ဇန်နဝါရီ    ၂၇

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီအချိန်က ယမုံနာ(၂)ရပ်ကွက် မင်္ဂလာရာမကျောင်းတိုက်အတွင်းရှိ အောင်ဗောဓိဆုတောင်းပြည့်စေတီတော်အား အထူးသန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများမှ အဖွဲ့ဝင်များက မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အောင်ဗောဓိဆုတောင်းပြည့်စေတီတော်နှင့် ရင်ပြင်တော်များအား သန်ရှင်းဆေးကြောခြင်း၊ ဘုရားဆင်းတုတော်များအား ရေသပ္ပါယ်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆပ်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ချစ်စုဝေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)