နေပြည်တော်၌ နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် ဂီတဖျော်ဖြေပွဲများကျင်းပကာ ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်၌ နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် ဂီတဖျော်ဖြေပွဲများကျင်းပကာ ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ




MNP  -  ဒီဇင်ဘာ ၃၁

နေပြည်တော်ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အပန်းပြေပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲအစီ အစဉ်ကို ယနေ့ညပိုင်းက နေပြည်တော်ရေပန်းဥယျာဉ်၌ ကျင်းပသည်။


အဆိုပါ ဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက် ကြသည်။


ယနေ့ည နေပြည်တော်ရေပန်းဥယျာဉ်၌ ကျင်းပသည့် နှစ်သစ်ကိုကြိုဆိုသည့် ပျော်ပွဲရွှင်ပွဲအစီ အစဉ်တွင် Music Band၊ DJ များဖြင့်တွဲဖက်၍ နိုင်ငံကျော် အဆိုတော်များက ပရိသတ်အကြိုက် တေးသီချင်းများဖြင့်ဖျော်ဖြေတင်ဆက်ကြပြီး ည ၁၂ နာရီ အချိန်တွင် ၂၀၂၃ ခုနှစ် နှစ်သစ်ကူးအခါသမယကို Countdown ရေတွက်၍ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ နှစ်သစ်ကို ပြည်သူများက တစ်ခဲနက် ပျော်ရွှင်စွာဖြတ်သန်းကြသည်။


ဖျော်ဖြေပွဲသို့လာရောက်ကြသည့် ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစွာဝယ်ယူစားသောက် နိုင်ရေးအတွက် Night Market ဈေးရောင်းပွဲ ထည့်သွင်း၍ မြန်မာ့ရိုးရာအစားအစာ၊ ကိုရီးယား အစားအစာ၊ ထိုင်းအစားအစာများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရာ ဝယ်ယူစားသုံးကြသူများဖြင့် စည်ကားလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)