ကျိန္တလီမြို့၌(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်အခမ်းအနားကျင်းပ


MNP -  ဇန်နဝါရီ ၄

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ အလံတိုင်ကွင်း၌ ကျင်းပပြုလုပ် ခဲ့သည်။


    အဆိုပါအခမ်းအနားကို ၄ နာရီ မိနစ် ၂၀ အချိန်တွင် ကျိန္တလီမြို့၊ နယ်မြေမီးသတ်စခန်းမှ တာဝန်ခံဦးခင်မောင်ညိုက နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ပြီး ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ မြို့ဦးစီးမှူး ဦးဉာဏ်လင်းနှင့် အလံတင်အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရုံးဝန်ထမ်းများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)