ပြည်သူလူထု ကျန်းမာရေးမထိခိုက်စေရေး နေ့စဉ်စားသုံးသည့်အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ထိထိရောက်ရောက်စစ်ဆေးနိုင်ရန်နှင့် စည်းကမ်းဖောက်ဖျက်ပါက လိုအပ်သလို အရေးယူဆောင်ရွက်ရန်လိုအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူလူထု ကျန်းမာရေးမထိခိုက်စေရေး နေ့စဉ်စားသုံးသည့်အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ထိထိရောက်ရောက်စစ်ဆေးနိုင်ရန်နှင့် စည်းကမ်းဖောက်ဖျက်ပါက လိုအပ်သလို အရေးယူဆောင်ရွက်ရန်လိုအပ်


MNP  -   ဇန်နဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


စနစ်တကျ ကြပ်မတ်စစ်ဆေး


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြည်သူလူထုနေ့စဉ်စားသောက်မှု အဆင်ပြေစေရန်နှင့် သက်သာသောဈေးနှုန်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေးသည် အရေးကြီးကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့အနေဖြင့်လည်း စားသုံးသူများ၏ လိုအပ်ချက်နှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များကို တိတိကျကျရေးဆွဲထားသည်ကို တွေ့ရှိရကြောင်း၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းနိုင်ရေး ဆိုရာတွင် စတင်စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချမှုများနှင့် သက်ဆိုင်ကြောင်း၊ ဆိုးဆေးနှင့် ကြာရှည်ခံ ပစ္စည်းများသုံးစွဲမှုများကို စနစ်တကျကြပ်မတ် စစ်ဆေးရန်လိုအပ်ကြောင်း။


စည်ပင်သာယာရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များတွင် ရောဂါကာကွယ်ခြင်းနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကာကွယ်ခြင်းဟူသည့် အချက်ပါဝင်ကြောင်း၊ ပြည်သူလူထုကျန်းမာရေး မထိခိုက်စေရေး နေ့စဉ်စားသုံးသည့် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ထိထိရောက်ရောက် စစ်ဆေးနိုင်ရန်နှင့် စည်းကမ်းဖောက်ဖျက်ပါက လိုအပ်သလို အရေးယူဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ဈေးအသီးသီးတွင် အခြေခံစားသောက် ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသောက် ဆိုင်များ၊ အစားအသောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသောလုပ်ငန်းများ၊ ရေသန့်လုပ်ငန်းများကို ကျန်းမာရေးနှင့်ညီညွတ်မှုရှိ၊ မရှိ စနစ်တကျစစ်ဆေး ကြပ်မတ်ပြီးသက်ဆိုင်ရာဌာနများအနေဖြင့် ကျန်းမာရေးထောက်ခံချက်လုပ်ငန်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အဓိကအရေးကြီးဆုံးအချက်မှာ စားသုံးသူ အခြေခံလူတန်းစားများ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ ယခုကိစ္စရပ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အရေးကြီးသောလုပ်ငန်းဖြစ်သဖြင့် တက်ရောက်လာသော ဌာနဆိုင်ရာများက ကျရာ အခန်းကဏ္ဍမှ လိုအပ်သလို ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် ဌာနကြီးမှူးများက နေပြည်တော်အတွင်းရှိဈေးများ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ၊ အသားထုတ်လုပ်ရောင်းချနေမှုများ၊ အစားအသောက် ထုတ်လုပ်သည့်လုပ်ငန်းများကို စစ်ဆေးခြင်းနှင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးရှင်းလင်းတင်ပြကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)