ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဆီထွက်သီးနှံ နေကြာစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဆီထွက်သီးနှံ နေကြာစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှု




MNP   -   ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်တွင် ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင်ကြီးဘက်ကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၁၁၁၁-D)၊ ဉီးပိုင်အမှတ်(၉/၁) တောင်သူဉီး‌ကျော်ညွန့်၏ နေကြာသီးသန့်၊ ပဲတီစိမ်း နေကြာ(သီးညှပ်)စံပြစိုက်ခင်းများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုအခြေအနေကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပဲတီစီမ်း၊ နွေစပါးတို့အပြင် နေကြာသီးနှံများကိုလည်း ဖြစ်ထွန်း အောင်မြင်အောင် အလေးထားစိုက်ပျိုးကျရန်နှင့် တောင်သူများအားစိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက တိုးမြှင့်ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။


ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား  ကျုံပျော်ခရိုင်၊ ရေကြည်မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူ ဦးကျော်ညွန့် စိုက်ပျိုးထားသည့်‌ နေကြာသီးသန့်၊ သီးညှပ်နှင့်ပဲတီစိမ်း စိုက်ခင်းတွင် စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်မှုအ‌ခြေအနေကို  မြေပြင်ကွင်းဆင်း၍ လိုက်လံပြသခဲ့ကြပြီး ဝန်ကြီးချုပ်က တောင်သူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)