ရသေ့တောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ








MNP  - ဇန်နဝါရီ ၂၁

           ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေး စုံညီ ပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လည်(၁၂)နာရီအချိန်က မေယုခန်းမ၌ ကျင်းပသည်။


   ရှေးဦးစွာ အခန်းနားကို အထက(၂) ကျောင်းမှGrade-7ကျောင်သား/သူများမှတို့များစုံညီပွဲတော်သီချင်းဖြင့်ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီးမြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဥက္ကဌဦးနိုင်းလင်းထက်ကအဖွင့်အမှာစကားပြေကြားပြီးမြို့နယ်ပညာ‌ရေးမှူးဦးထွန်းရွှေကပညာရေးစုံညီပွဲတော်နှင်ပတ်သက်၍ရှင်လင်းပြောကြားရာ၌ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံဖြိုးစေရေးအတွက်အလေးထားဆောင်ရွက်ရန်မှာကြားသည်။


     ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊မြို့နယ်အဆင့် ပညာရည်ထူးချွန်ဆုရရှိသူများ ၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ၊ အမျိုးသားအောင်ပွဲနေ့ ၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး နေ့ ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ၊ အာဇာနည်နေ့ ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ နှင့် ကျောင်းကျန်း မာရေးသီတင်းပတ်အထိမ်းအမှတ်(ထက် ၊ လယ်)အဆင့် ပန်းချီ ၊ စာစီစာကုံး၊ ကဗျာ နှင့် ဆောင်းပါးပြိုင်ပွဲများ တွင် အဆင့်ဆင့် ဆု ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေး‌ကောင်စီအဖွဲ့ ဥက္ကဌ ဦးနိုင်လင်းထက်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ကြသည်။


ထို့နောက် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ၊ ကျောင်းသူများက တေးသရုပ်ဖော် အကများဖြင့် ကပြတင်ဆက်ကြသည်။


အဆိုပါအခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်လင်းထက် နှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများ ၊ ကျောင်းသား၊ကျောင်းသူများနှင့်လုပ်ငန်းရှင် များတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)