MNP - ဇန်နဝါရီ ၁၅
ချင်းပြည်နယ်၊ ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ များအား နေရပ်ပြန်လည်စေလွှတ်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမိုအစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဗိုလ်ချုပ်စိုးမင်းက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း(၁၀၀)ကျော်ရှိသည့်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက်သွားကြရန် ရှင်းလင်းပြေပြောကြားခဲ့သည်။ ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပလက်ဝမြို့နယ် ဒေသတည်ငြိမ်အေးချမ်းမှဖွံဖြိုးတိုးတက်မည်ဖြစ်ပြီး ငြိမ်းချမ်းမှုမရှိလျှင် ဒေသဖွံ့ဖြိုးတိုးတက်မှုနှေးကွေးမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်းဆောင်ရွက်မှသာ ငြိမ်းချမ်းမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် တိုက်ပွဲရှောင်ပြည်သူများ၏ တင်ပြချက်များအပေါ် အမှတ် (၁၁)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ဒုတိယခရိုင်မှူး ဦးသိန်းဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးနိုင်နှင့် ခရိုင်/မြို့နယ်သတ်ဆိုင်ရာများက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပလက်ဝ မြို့နယ်ကျေးရွာများမှတိုက်ပွဲရှောင်ကျား(၁၂၆)ဦး၊ မ(၁၅၆)ဦး၊ စုစုပေါင်း (၂၈၂)ဦး၊အိမ်ထောင်စု (၅၄)စုအား မိမိနေရပ်သို့ ပြန်လည်စေလွတ်မည်ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးနှင့်တပ်မတော်အရာရှိများ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာအသီးသီးမှ တိုက်ပွဲရှောင်နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment