ပြင်ဦးလွင်မြို့တွင် ပန်းပွဲတော်ကာလ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် ပန်းပွဲတော်ကာလ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများဖြင့် စည်ကား





MNP -  ဇန်နဝါရီ ၈  

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ (၁၅) ကြိမ်မြောက် ပန်းပွဲတော် (Bloomlng Fantasy) ကျင်းပလျက်ရှိရာ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများဖြင့်  စည်ကားလျက်ရှိကြောင်း သိရသည်။


အဆိုပါ (၁၅)ကြိမ်မြောက် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဥ်၏ "𝐁𝐥𝐨𝐨𝐦𝐢𝐧𝐠 𝐅𝐚𝐧𝐭𝐚𝐬𝐲" ပန်းပွဲတော်တွင်  "ပန်းဥယျာဥ် စျေးပွဲတော်"ကိုပါ တွဲဖက်၍ ပန်းပွဲတော်ကာလနေ့ရက်များအတိုင်း ကျင်းပလျက်ရှိပြီး ဒေသထုတ်ကုန်၊ စားသောက်ကုန် ၊ လူသုံးကုန် ပစ္စည်းများ၊ ပန်းမန်များ ခင်းကျင်းပြသရောင်းချလျက်ရှိကြောင်း သိရသည်။


 ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဥ်၏ "𝐁𝐥𝐨𝐨𝐦𝐢𝐧𝐠 𝐅𝐚𝐧𝐭𝐚𝐬𝐲" ပန်းပွဲတော်တွင် ပြည်နယ်အရပ်ရပ်မှ ပန်းပေါင်းစုံ မျိုးစိတ်များ၊ နိုင်ငံခြားပန်းမျိုးစိတ်များ၊ ရှားပါးတန်းဝင် အဖိုးတန်ပန်းမျိုးစိတ်များ၊ ဒေသထွက်ပန်းများအား ဇုန်အလိုက် ခင်းကျင်းပြသလျက်ရှိပြီး တေးသံရှင်များ၏ Music Show အစီအစဉ်များ၊ Unplugged Music Band ၏ ဖျော်ဖြေမှုများစွာ ထည့်သွင်းကျင်းပမှုကြောင့် လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)