ပိုင်ကျုံမြို့နယ်အတွင်း၌ မြေပြင်ရှိ လူဦးရေစာရင်း မှန်ကန်စေရေး ကွင်းဆင်းကောက်ယူမှု ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့နယ်အတွင်း၌ မြေပြင်ရှိ လူဦးရေစာရင်း မှန်ကန်စေရေး ကွင်းဆင်းကောက်ယူမှု ဆက်လက်ဆောင်ရွက်


MNP  -   ဇန်နဝါရီ  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်ကာ စာရင်းကောက်ယူရေးအဖွဲ့ (၄၀) ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းကို ယနေ့တွင် ဆက်လက်ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။


ထိုသို့ အိမ်ထောင်စုစာရင်းများ ကောက်ယူရာတွင် Server အတွင်းရှိ အိမ်ထောင်စုစာရင်းများတွင် မှတ်ပုံတင်နံပါတ်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်နိုင်စေရေး ဖြည့်သွင်းခြင်း၊ နိုင်- ၄ မှတ်တမ်းများ ပြည့်စုံမှန်ကန်စေရေး စီစစ်ဖြည့်သွင်းခြင်း၊ အခြားမြို့နယ် အိမ်ထောင်စုစာရင်း ကိုင်ဆောင်သူများနှင့် မည်သည့် အိမ်ထောင်စုစာရင်းမရှိသူ၊ ရွှေ့ပြောင်း၊ ပျံကျများအား အိမ်ထောင်စု (အလွတ်) ဖြင့် ကောက်ယူခြင်း၊ မသန်စွမ်း (၅)မျိုးစာရင်းများ စနစ်တကျ ကောက်ယူ လျက်ရှိသည်။


ပိုင်ကျုံမြို့နယ်တွင် ရပ်ကွက် (၅)ခု ကျေးရွာအုပ်စု (၂၇)အုပ်စု၊ စုစုပေါင်း (၃၂)အုပ်စုတွင် ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ ပေါင်း (၄၀)ဖွဲ့ဖြင့် ဇန်နဝါရီ လ ၉ ရက်နေ့မှ ဇန်နဝါရီလ ၁၆  ရက်နေ့ထိစာရင်း ကောက်ယူချက်များအရ အိမ်ထောင်စု ၇၈၂၄ စုကို အတည်ပြုနိုင်ခဲ့ပြီး ကောက်ယူရန်ကျန်ရှိသည့် အိမ်ထောင်စုများကိုလည်း သက်ဆိုင်ရာစာရင်း ကောက်ယူရေး အဖွဲ့တို့များမှ ဆက်လက်ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။


နော်ခူး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)