MNP - ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းအား ဇန်နဝါရီလ ၉ ရက်နေ့က မြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက်နှင့်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိရာကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များ၏ စာရင်းကောက်ယူနေမှုများ အားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့် မြတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွားများကိုလည်း ဆက်လက်ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းကို ဇန်နဝါရီလ(၉) ရက်နေ့မှ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ခင်လေး
https://t.me/MyanmarNationalPost
No comments:
Post a Comment