(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်




MNP  -  ဇန်နဝါရီ ၁

       ရခိုင်ပြည်နယ် ၊ အမ်းခရိုင် ၊ အမ်းမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် U-21 ခရိုင်အုပ်ချုပ်ရေးမှူးဖလားဗိုလ်လုပွဲကို ယမန်နေ့ကကျင်းပခဲ့ပြီးအခြားအားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ဇန်နဝါရီ(၄)ရက်နေ့၌  စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။


    (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် U-21 ခရိုင်အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ၌ လေယာဉ်ကွင်းရပ်ကွက် ပထမ၊အမ်းတောင်အုပ်စု (က) ဒုတိယ၊ လုံးကျေးရွာအုပ်စုကတတိယရရှိခဲ့ပြီးဆုများကို (၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ၌ပေး အပ်သွားမည်ဖြစ်ပြီး အထိမ်းအမှတ်အဖြစ်အခြားအားကစားပြိုင်ပွဲများအဖြစ် အလွတ်တန်း မီနီမာရသွန်ပြိင်ပွဲ (ကျား/မ)၊မီတာ(၁၀၀)(ကျား/မ)လွန်ဆွဲပြိုင်ပွဲ (ကျား/မ)၊ ချောတိုင်တက်ပြိုင်ပွဲ၊ခေါင်းအုံ့ရိုက်ပြိုင် ပွဲများနှင့်အခြားပြိုင်ပွဲများကို မြို့မအားကစားကွင်းအတွင်း၌ နံနက် ၇နာရီမှ စတင်၍ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


 မီနီမာရသွန်ပြိုင်ပွဲကို နံနက် ၆ နာရီ အချိန်တွင် စတင်တာလွှတ်မည့်နေရာမှာ စာရုတောင်စေတီမှ ဖြစ်ပြီး ပန်းဝင် ရမည့်နေရာမှာ မြို့မအားကစားကွင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဇန်နဝါရီ လ(၄)ရက်နေ့နံနက်(၆)နာရီအရောက် မြို့မအားကစားကွင်းအတွင်းလာရောက်ကြရန် ပြိုင်ပွဲများကျင်းပရေး ကော်မတီမှ နှိုးဆော်ထားကြောင်းသိရသည်။


      အမ်းမြို့နယ်တွင်(၇၅)နှစ်မြောက်စိန်ရတုလွတ် လပ်ရေးနေအခမ်းအနားများကိုခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့ ၏လမ်းညွှန်မှုဖြင့်  မြို့မအားကစားဝင်းအတွင်း၌ အခမ်းအနား များဆုပေးပွဲနှင့်အခြားအားကစားပြိုင်ပွဲများအား စည်ကားသိုက် မြိုက်စွာကျင်းပမည်ဖြစ်ရာ မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)