အိမ်ထောင်စုလူဦးရေစာရင်းနှင့်မြေပြင်ရှိလူဦးရေစာရင်းများတိကျမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်းတို က်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ ရမ်းဗြဲမြို့နယ်၌ ဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်ထောင်စုလူဦးရေစာရင်းနှင့်မြေပြင်ရှိလူဦးရေစာရင်းများတိကျမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်းတို က်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ ရမ်းဗြဲမြို့နယ်၌ ဆက်လက်ဆောင်ရွက်လျက်ရှိ





MNP  -   ဇန်နဝါရီ    ၁၃

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများတိကျမှန်ကန်မှု ရှိစေရေးအတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများကို ရမ်းဗြဲမြို့နယ်တွင် ၂၀၂၃  ခုနှစ်၊ ဇန်နဝါရီ လ  ၉ ရက်နေ့မှစတင်ပြီး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့များမှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈ နာရီအချိန်က ရမ်းဗြဲမြို့ပေါ်ရှိ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆)ရပ်ကွက်နေ ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


    ထိုသို့ဆောင်ရွက်ရာတွင် မြေပြင်စာရင်းကောက်ယူရေးအဖွဲ့များက အိမ်ထောင်စာရင်းရှိလူဦးရေစာရင်းတွင်ပါရှိသူများအား မိဘအမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်းအိမ်ထောင်စုစာရင်းရှိလူဦးရေနှင့် မြေပြင်ရှိလူဦးရေမှန်ကန်မှု ရှိ / မရှိစစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး  မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြသည်။


    အဆိုပါဆောင်ရွက်ရာ၌လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်အိမ်တက်ဆင်းစာရင်းကောက်ယူတိုက်ဆိုင်စစ်လျက်ရှိရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များလူမှုရေးအသင်းအဖွဲ့များမှပူပေါင်းဆောင်ရွက်ပေးလျက်ပြီး၎င်းစာရင်းကောက်ယူရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းကလာ‌‌ေရာက်အားပေးကြည့်ရှုခဲ့ကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)