ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တစ်ကွင်းတစ်ဆက်တည်းဧက(၁၀၀) ဆောင်းဆီထွက်သီးနှံ (နေကြာ)စိုက်ခင်း၌ တောင်သူများအားဓာတ်မြေဩဇာထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တစ်ကွင်းတစ်ဆက်တည်းဧက(၁၀၀) ဆောင်းဆီထွက်သီးနှံ (နေကြာ)စိုက်ခင်း၌ တောင်သူများအားဓာတ်မြေဩဇာထောက်ပံ့






MNP -   ဇန်နဝါရီ ၁၉

စားသုံးဆီဖူလုံမှုတိုးတက်ရေးအတွက် ကရင်ပြည်နယ်အတွင်း မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်အစရှိသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ယနေ့နံနက် ၈ နာရီအချိန်ခန့်က ဘားအံမြို့၊အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ်- ၁၁၈၄ ထောင်ဝိကွင်း၊ တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀)ဆောင်းဆီထွက်သီးနှံ(နေကြာ)စိုက်ခင်း၌ တောင်သူများအား ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့သည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုလို မိုးစပါးအပြီး လယ်မြေများတွင် အလားအလာကောင်းပြီး ဈေးကွက်ရှိသည့် သီးနှံများကို နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးထုတ်လုပ်မှသာ စားနပ်ရိက္ခာဖူလုံပိုလျှံ၍ ပြည်နယ်၏စီးပွားရေး၊ လူမှုရေးသာယာဝပြောလာမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် ဆီထွက်သီးနှံများကို မြေလွတ်၊မြေလပ်မကျန်တိုးချဲ့စိုက်ပျိုး ရန်လိုအပ်သကဲ့သို့ ဆီထွက်ရာနှုန်းများပြီး အထွက်နှုန်းပါ ကောင်းမွန်သည့်မျိုးများကို ရွေးချယ်စိုက်ပျိုးရန် မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် အရင်းမပျောက်မတည်ရန်ပုံငွေများကို အတိုးနှုန်းသက်သာစွာဖြင့် နေကြာ ၉၀၃ ဒဿမ ၅ ဧကကို ထုတ်ချေးပေးထားပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးထုတ် လုပ်သည့်တောင်သူများ အကျိုးအမြတ်ရရှိစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သက်သာ စေ ရေး လိုအပ်သည့်သွင်းအားစုများကို အဖက်ဖက်မှ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားသည်။


ထို့နောက် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က ဘားအံခရိုင်အတွင်း ဆန်၊ ဆီ အစရှိသော စားရေးရိက္ခာဖူလုံပိုလျှံရေးဆောင်ရွက်မှုအခြေအနေ၊ ဆီဖူလုံမှုရာခိုင်နှုန်းနှင့် နေကြာသီးနှံတိုးချဲ့လျာထားစိုက်ပျိုးမည့်အခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် နေကြာစိုက်ပျိုးထားမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးတို့က ထောင်ဝိ၊ ရဲသာ၊ ဝါးဆူး၊ ကော့သံခါ အစရှိသော ကျေးရွာ ၈ ရွာမှနေကြာစိုက်ပျိုးတောင်သူများအား ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောင်းဆီထွက်သီးနှံ(နေကြာ)စိုက်ခင်းများနှင့် အဆိုပါစိုက်ခင်းများအတွင်း ဓာတ်မြေဩဇာထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆိုလာစွမ်းအင်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း Rain Guan ဖြင့် ထောင်ဝိကွင်း နေကြာစိုက်ခင်းအတွင်း စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ပြည်နယ်အတွင်း ဆီဖူလုံမှုတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံစုစုပေါင်း ၉၆၀၀၀ ဧက ခန့်တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး နေကြာသီးနှံ ၃၀၀၂ ဧကခန့်ပါဝင်ကာ  ဘားအံ မြို့နယ်တွင် နေကြာသီးညှပ် ၁၈၂၀ ဒဿမ ၁၄ ဧက၊ သီးသန့်ဧက ၂၇၅ ဧက စုစုပေါင်း ၂၀၉၅ ဒဿ မ ၁၄ ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)