MNP - ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ နွေစပါးစိုက်ခင်းများ အထွက်နှုန်းတိုး တက်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သိန္နီမြို့မကွင်းရှိ ကွင်းအမှတ် ၇၄ ဦးပိုင်အမှတ် ၄၅ (၁.၅) ဧက တောင်သူ ဦးဘဝင်း၏ စိုက်ခင်းတွင် စပါးမျိုး ၈၈၁ စိုက်ပျိုးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်းတိုးတက်ရန် မျှော်လင့်လျက်ရှိသည်။ သိန္နီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈) အုပ်စုတွင် ယခင်နှစ်က ၉၃၆ ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် စိုက်ဧက ၁၃၄၁ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ နွေစပါး ၁ ဧကလျှင် တင်း ၁၂၀ နှုန်း ထွက်ရှိစေရေးအတွက် ကောက်ကွက်ပြည့်မှီရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ် နှိမ်နှင်းရေးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment