သိန္နီမြို့နယ် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့နယ် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပညာရေးစုံညီပွဲတော်ကျင်းပ



MNP  -  ဇန်နဝါရီ  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။


ပညာရေးစုံညီပွဲတော်တွင် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကာယ၊ ဉာဏ ထူးချွန်ဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပညာရေးစုံညီပွဲတော်သို့ တက်ရောက်လာသော ဧည့်ပရိသတ်များအား ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများ၊ အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အဆိုပါ ပညာရေးစုံညီပွဲတော်တွင် သိန္နီမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပပဝင်းက မိုင်းလီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ပန်ဖတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)