ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ




MNP  -  ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ကျောင်းသား၊ ကျောင်းသူများအား ယဉ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉:၃၀)အချိန်က အ.မ.က(နောင်ပိန်)အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဖြူဖြူသော်က ယဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့်ပတ်သတ်၍ လိုက်နာရမည့်စည်းကမ်းများ၊ (ရပ်၊ ကြည့်၊ သွား) ဆောင်ပုဒ်၏ အဓိပ္ပာယ်များ၊ ဆရာမ ဒေါ်ထွေးလွင်လွင်ဖြူနှင့်ဆရာမ ဒေါ်ယုမွန်ထွန်းက လမ်းကူးရာတွင်လိုက်နာရမည့် စည်းကမ်းများအား ကျောင်းသားကျောင်းသူများ သိရှိနားလည်နိုင်စေရန် ပြောကြားခဲ့သည်။


ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေအောင်က "စည်းကမ်းလိုက်နာ ဘေးကင်းကွာ"အသိပညာပေးပုံပြင်ကိုဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း/လမ်းစည်းကမ်း နံရံကပ်စာစောင်ကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


နေလင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)