ဂွမြို့နယ် ညောင်ချောင်းကျေးရွာတွင် မူကြိုကျောင်း ဆောင်ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူမှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ် ညောင်ချောင်းကျေးရွာတွင် မူကြိုကျောင်း ဆောင်ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူမှ ကွင်းဆင်းစစ်ဆေး



MNP  -  ဇန်နဝါရီ  ၂၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း နိုင်ငံတော်ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ညောင်ချောင်းကျေးရွာရှိ မူကြိုကျောင်းဆောင် ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယမန်နေ့က တာဝန်ရှိသူများမှ  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ 


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်နှင့် ဝန်ထမ်းများက  နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ် (၆.၈၆သန်း) ဖြင့် ညောင်ချောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာတွင် ကျေးရွာကော်မတီမှဆောင်ရွက်သည့် (၂၇ပေ၊ ၂၀ပေ၊၁၂ပေ)အတိုင်းအတာရှိသည့် မူကြိုကျောင်းဆောင် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား စစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)